Skip to main content

ငလျင်အကြောင်း လက်တွေ့သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကျင်းပမည်

ရန်ကုန် ဇူလိုင် ၂၉

ငလျင်အကြောင်းပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် မြန်မာနိုင်ငံငလျင်ကော်မတီမှ ဦးစီးကျင်းပသွားမည်ဟု သိရသည်။ Earthquake Bootcamp 2026 ကိုဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့် ၂၉ ရက်တို့တွင် မြန်မာနိုင်ငံ ငလျင်ကော်မတီ (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံငလျင်ကော်မတီမှဦးစီးကျင်းပသော ဤ Bootcamp အတွင်း မြေငလျင်အသိပညာ၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေး၍ အတွေ့အကြုံနှင့်အသိပညာများကို သင်ယူလိုသူများ အသက်အရွယ်အကန့်အသတ်မရှိလျှောက်ထားနိုင်ပြီး ယခင်အတွေ့အကြုံရှိရန် မလိုအပ်ကြောင်း သိရသည်။ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှုစွမ်းရည်များကို မြှင့်တင်လိုသူလူငယ်များအတွက် Earthquake Bootcamp 2026 သို့ ပါဝင်ရန်ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူလူငယ်များအားလုံး (https://forms.gle/deo4 vo3w8XtdC8Em6) registration link တွင် စာရင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီမှ သိရသည်။

MT