Skip to main content

တရားမအထူးအယူခံမှု လေးမှုကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု ငါးမှုကို ရုံးထိုင်ကြားနာ

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး၊ ဦးဝင်းမြင့်၊ ဒေါ်သင်းသင်းချိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး ရုံးခန်းအမှတ်(၁)၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ပြီး တရားမအထူးအယူခံမှုအမှတ် ၄၈/၂၀၂၅ (ရန်ကုန်)၊ ၈/၂၀၂၆ (ကချင်)၊ ၁၈/၂၀၂၆ (ရန်ကုန်) နှင့် ၁၉/၂၀၂၆(ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု လေးမှုကို စီရင်ချက်ချမှတ်သည်။

ထို့အတူ တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၆ (မန္တလေး)၊ ၁၂/ ၂၀၂၆(ရန်ကုန်)၊ ၁၃/၂၀၂၆(မန္တလေး)၊ ၂၀/၂၀၂၆ (ဧရာဝတီ)နှင့် ၂၄/၂၀၂၆ (မွန်) စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်