Skip to main content

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုလုပ်ငန်းများအား Digital ဝန်ဆောင်မှုစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်

နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Smart City ဖြစ်စေရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုလုပ်ငန်းများအား Digital စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်သည်။

Digital စနစ်ပြောင်းလဲ

အဆိုပါညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်က Digital စနစ်ပြောင်းလဲခြင်း၊ Online payment System အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေပေးချေမှုနှင့် ငွေသားကိုင်တွယ်မှုလုံခြုံစိတ်ချရခြင်း၊ ဝင်ငွေစီမံခန့်ခွဲမှု တိကျမှန်ကန်ခြင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများ လျှော့ချပေးခြင်းနှင့် ဌာန၏အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့ပြင် e-Government နှင့် Digital ဝန်ဆောင်မှုစနစ်အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ နောင်တွင် Digital စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Digital ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်