Skip to main content

Sep 10, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသားခြောက်ဦး၊ တရုတ်နိုင်ငံသားလေးဦးနှင့် ကင်ညာနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ၁၂ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မလေးရှားတပ်မတော်က အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (22nd ASEAN Chiefs of Defence Forces Meeting - 22nd ACDFM) ကို ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContinental Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးသန်းထိုက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များအစည်းအဝေး (15th ASEAN Military Operations Meeting -15th AMOM)နှင့် (၂၂) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေး (22nd ASEAN Military Intelligence Meeting – 22nd AMIM) များသို့ ပါဝင်တက်ရောက်ခဲ့ကြသည့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

‎တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) မှ ကြီးမှူး၍ CICG Institute ၏ ထောက်ပံ့ကူညီမှုဖြင့် ကျင်းပသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Omnimedia သတင်းမီဒီယာ အယ်ဒီတာများနှင့် စာနယ်ဇင်းသမားများ တွေ့ဆုံဆွေးနွေးပွဲ  ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် ၊ နံနက် ၉နာရီခွဲက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ Beijing ZIYU ဟိုတယ်၌ ကျင်းပခဲ့ကြောင်းသိရသည်။ ‎

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မန္တလေးငလျင်ကြီးကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်တွင် လုံးဝပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးနေအိမ်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သီးကုန်းတိုးလ်ဂိတ်လမ်းအသုံးပြုခကောက်ခံနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ ဒေသခံတောင်သူများ ယခုနှစ်စိုက်ပျိုးရာသီတွင် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာ၌ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့်အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် အိမ်ရှင်နိုင်ငံဖြစ်သည့် အီရန်နိုင်ငံမှ အွန်လိုင်းဖြင့် ကျင်းပသည့် (၅၃) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့၏ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်သည့် နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site ဧရိယာအတွင်းရှိ စွန့်စားခရီးသွားလုပ်ငန်း၊ စခန်းချတည်းခိုနေထိုင်ခြင်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အပန်းဖြေခရီးသွားလုပ်ငန်း၊ ကြိုးတန်းလျှောစီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် PJSC “Sberbank of Russia” ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာအီဗန်နိုဆော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ရုံးအမှတ် (၄၆) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ယခုနှစ်တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ ကုသိုလ်သဒ္ဓါအကျိုးရရှိပွားများစေရေးအတွက် အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီပူဇော်ခံလှည့်လည်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၈၁၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ငါးဦးရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ပြင်ပမီဒီယာနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်​သောအဖွဲ့သည် ယ​မန်နေ့နှင့် ယ​နေ့တို့တွင် ရန်ကုန်မြို့သို့ ပြန်လည်​ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

မန္တလေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO)၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 10, 2025

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာနိုင်ငံ ရီယိုအာချာမြို့၌ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိကျင်းပခဲ့သည့် ရွှေ့ပြောင်းသွားလာမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာဖိုရမ်၏ (၁၅) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ (15th Summit of the Global Forum on Migration and Development) သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်