Skip to main content

Jul 23, 2026

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ ဇူလိုင်၂၁ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ဝန်းသိုမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း၊ ကျောက်မြောင်းမြို့ရှိ နယ်မြေခံတပ်ရင်း၌လည်းကောင်း အသီးသီးပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

စစ်အုပ်ချုပ်ရေး အမိန့်အမှတ်၊ ၄/ ၂၀၂၆ ထုတ်ပြန်

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်သူများလေ့လာမှတ်သားသိရှိနိုင်စေရန် ခေတ်အဆက်ဆက် မြန်မာစာဆိုတော်ကြီးများအား ဂုဏ်ပြုချီးမြှင့်ရာရောက်စေမည့် စာဆိုဗိမာန်ကို ဇူလိုင် ၂၅ ရက်ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် အများပြည်သူသို့ အခမဲ့ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း၊ အားကစားရုံများ၌ အားကစားနည်းအလိုက်‌ စခန်းဝင်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။       

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

ASEAN Championship – AFF Hyundai Cup 2026 အုပ်စုပွဲစဉ်များကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာပရိသတ်များ စောင့်မျှော်နေသည့် အိမ်ကွင်းပွဲစဉ်များဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း၊ မြန်မာအသင်းနှင့် လာအိုအသင်းပွဲစဉ်ကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

ဖလမ်းမြို့နယ်၌ ဦးစီးဌာန ရုံးပေါင်း ၃၈ ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း ၁၃၉၇ ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်းနှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များတွင် ဦးစီးဌာန ရုံးပေါင်း ၁၁၀ ဖွင့်လှစ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းပေါင်း ၄၀၀၃ ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူဦးရေ နှစ်သိန်းခွဲနီးပါးရှိပြီး ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းသူဦးရေ ရှစ်ထောင့်ခြောက်ရာကျော်ရှိကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာအသိုင်းအဝိုင်းတွင်ရှိသည့် မသန်စွမ်းသူများအတွက် အများတန်းတူအခွင့်အရေးနှင့် ခံစားခွင့်များ အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေ နှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၁၇ ထပ် အဆောက်အအုံတစ်လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KNLA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

တပ်မတော်အနေဖြင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

ထိုင်းနိုင်ငံ ဘော်ဝင်းအနီး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ရသင့်ရထိုက်သည့်နစ်နာကြေး အခွင့်အရေးများအပြည့်အဝရရှိစေရန် လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီနှင့် Naypyitaw State Polytechnic University တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပရာ ဦးစွာ Naypyitaw State Polytechnic University ကျောင်းသား ကျောင်းသူများက “Welcome to NSPU” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက AI အသိပညာဆွေးနွေးပွဲမှသည် AI ကို မြင့်သထက်မြင့်အောင် တီထွင်နိုင်စေရန်ဖြစ်ကြောင်း၊ သုံးစွဲသူ ကျင့်ဝတ်နှင့်အညီ လူငယ်အိပ်မက်များကို AI နည်းပညာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြား၍ Naypyitaw State Poly-technic University ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူသည်။

ဆက်လက်ဖတ်ရှုရန်

Jul 23, 2026

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်