Sep 09, 2023
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
Sep 09, 2023
အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အက္ခရာစဉ်အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျတာဝန်ယူထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသည်။ အဆိုပါမူအရမြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
Sep 09, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်သည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တပ်ကုန်းမြို့နယ် ညောင်ငါးပင်ရွာရှိ တောင်သူ ဦးဇော်မိုး၏ ဆင်းရွှေကြာ-၂ နေကြာမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြပြီး အစေ့အဆန်ပြည့်ဖြိုးသည့် နေကြာပွင့်များကို ကြည့်ရှုစစ်ဆေးကာ နောက်ရာသီတွင် မျိုးပွားစိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးသည်။
Sep 09, 2023
၂၀၂၃ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။
Sep 09, 2023
သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနများ အနေဖြင့် ကျေးလက်လမ်း၊ တံတားများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုကြောင်း ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေးနှစ် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
Sep 09, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာ တွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Sep 09, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်း အမှတ် (၄) မှ တိုင်းတာဝန်ခံ အရာရှိ များနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်- တောင်ကြီးရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ်ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့်လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲမှုနှင့် တောင်ကြီးဘူတာ တို့ကို ကြည့်ရှုစစ်ဆေးသည်။
Sep 09, 2023
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်မှ တာဝန်ရှိသူများ၊ ပညာရှင်အဖွဲ့များမှ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 09, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Sep 09, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၄/၂၀၂၃) ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိစီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ခွန်စံလွင်တို့သည် မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့သို့ ရောက်ရှိကြသည်။
Sep 09, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဝန်ထမ်းများအား ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း UN-CAC (United Nations Conven-tion Against Corruption) ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနားလည်စေရန်ရည်ရွယ်၍ Knowledge Sharing အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
Sep 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Sep 09, 2023
EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 09, 2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ တွေ့ဆုံသည်။
Sep 09, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
Sep 09, 2023
တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် နှစ် (၃၀) ပြည့် အခမ်းအနား နှင့် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော ကိုယ်စားလှယ်လေးဦး တက်ရောက်ခဲ့သည်။
Sep 09, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 09, 2023
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၃/၂၀၂၂) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင် မြို့နယ်ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်သည်။
