Jul 21, 2023
ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁၉ ရက်တွင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jul 21, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jul 21, 2023
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အစည်းအဝေး(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 21, 2023
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံမဏ္ဍိုင် (၃)ရပ်ရှိ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၂၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
Jul 21, 2023
၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။
Jul 21, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့အခြေစိုက် အာဆီယံ- တရုတ်ဗဟိုဌာနအတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 21, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။
Jul 21, 2023
ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jul 21, 2023
ယနေ့ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲလာခြင်း အခြေခံအကြောင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးလာရာမှ ကမ္ဘာကြီးပူနွေးလာခြင်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းများဖြစ်ပေါ်လာပြီး သက်ရှိလူသားများအားလုံး သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာသည်။ လက်ရှိတွင် ကမ္ဘာပေါ်ရှိအချို့ဒေသများ၌ မိုးခေါင်ပူပြင်းခြောက်သွေ့ခြင်းနှင့်ကြုံတွေ့နေပြီး အချို့ဒေသများတွင် မုန်တိုင်းနှင့် ရေကြီးရေလျှံခြင်းများ ကြုံတွေ့နေရသည်။
Jul 21, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံ့ဝင်ငွေရရှိရန် လိုအပ်သည်။ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပပို့ကုန် တင်ပို့နိုင်ရေးစသည်တို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုသည်။
Jul 20, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးကာလူနာများကို အားပေးစကားပြောကြားသည်။
Jul 20, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်းစီနယ်မြေ၊ တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ပိုင်ခွင့်ပြုထားသည့် ယူနစ်ဧရိယာအလိုက် မွေးမြူရမည့်တိရစ္ဆာန်ကောင်ရေ ပမာဏအပြည့်မွေးမြူလုပ်ကိုင်နိုင်ရေး၊ မွေးမြူရေဇုန်အတွင်း မြေယာအသုံးချမှုမှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေးသည်။
Jul 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၇-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၈၁)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်း ရှိပါသည်။
Jul 20, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
Jul 20, 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လယ်ယာကုန်ထုတ်လုပ်မှုလျော့ကျမှုမရှိစေရေးနှင့် ဒေသ၏ စားရေရိက္ခာလုံလောက်မှုရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို သက်ဆိုင်ရာဌာနများ တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တောင်သူ့လက်ဝယ်အရောက် ပို့ဆောင်ထောက်ပံ့ပေးအပ်ပြီးဖြစ်သည်။
Jul 20, 2023
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဘန်ကောက်မြို့၌ ဇူလိုင်၁၉ ရက်မှ ၂၀ ရက်အထိ Hybrid format ဖြင့် ကျင်းပသည်။
Jul 20, 2023
တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းပြင်ဆင်ဖြည့်စွက်သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 20, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် UWSP ၊ NDAA ၊ SSPP အဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
Jul 20, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ် ၁၃ အစည်းအဝေးခန်းတွင် လက်ခံတွေ့ဆုံသည်။
Jul 20, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ရောက်ရှိပြီး အထက်ပစ္စယံရင်ပြင်ပေါ်ရှိ ပတ္တမြားမျက်ရှင်ဘုရားအား ပန်းရေချမ်းဆက်ကပ်ပူဇော် ဖူးမြော်ကြည်ညိုကာ စေတီတော်ရင်ပြင်ပေါ်ရှိ တောင်ဘက်စောင်းတန်း ပြင်ဆင်မွမ်းမံနေမှုနှင့် ရွှေတိဂုံစေတီတော်ဗုဒ္ဓပြတိုက်တို့ကို လှည့်လည်ကြည့်ရှုသည်။
