Nov 06, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Nov 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ ကျင်းပသည့် သံလွင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားသို့တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ပေးကြသည်။
Nov 06, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူထားခြင်းမရှိဘဲ ဟွန်ဒီငွေလွှဲ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့နှင့်မူဆယ်မြို့တို့မှ လုပ်ငန်းရှင်များအား တရားဝင်လိုင်စင်ရယူဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
Nov 06, 2022
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းအား သတင်းထုတ်ပြန်ချက်
Nov 06, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 06, 2022
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက ကျင်းပသည့် APT Young Professional and Students Programme (APTYPS) 2022 “IoT Smart Challe-nge for Agri-Tech Sector” ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၌ Hybrid Format ဖြင့် ကျင်းပသည်။
Nov 06, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဆရာမကြီးစောမုံညင်း၏ “မြန်မာအမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Nov 06, 2022
လယ်ယာမြေအသုံးချမှုမှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ မိုးစပါးစိုက်ခင်း၌ တောင်သူများနှင့် တွေ့ဆုံစဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
Nov 06, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာသက်သက်ခိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီးအတွင်းရှိ ရှေးဟောင်းအုတ်ခွက်ဘုရားများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
Nov 06, 2022
“လက်ရှိအချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်လာသည်ကို တွေ့ရှိရပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ထပ်မံတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်သည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားရေးမြင့်တက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၄ ရက်နေ့တွင် ထားဝယ်မြို့ မြို့နယ်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။
Nov 06, 2022
စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အဓိကအားထားနေရသည့် မိမိတို့နိုင်ငံအဖို့ ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မျက်ခြည်မပြတ်သတိပြုနေရန် လိုအပ်သည်။ ရာသီအလိုက် သီးနှံများစိုက်ကြရာတွင် ပြောင်းလဲလာသည့် ရာသီဥတု၏ဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံပုံစံများ၊ သီးနှံမျိုးများ စသည်ဖြင့် လိုက်ပါပြောင်းလဲရန်လိုသကဲ့သို့ စိုက်နည်းစနစ်များကိုလည်း လိုအပ်သလိုလိုက်ပါပြောင်းလဲနိုင်ကြရမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သောရေကို အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံးသုံးစွဲနိုင်ရန် အလေ့အကျင့်ပြုကြရမည်ဖြစ်သည်။
Nov 05, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက် ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူလူထုထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းများအား မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်း များဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို (၃-၁၁-၂၀၂၂) ရက်နေ့ (၁၉:၄၀) နာရီတွင် အကြမ်းဖက် သောင်းကျန်သူများမှ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရပါသည်။
Nov 05, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Nov 05, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Nov 05, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 05, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်လည်းကောင်း၊ ယနေ့တွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ မြိတ်ခရိုင်နှင့် မြို့နယ်တို့မှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။
Nov 05, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်နေမှု၊ ပေါင်းလောင်းရေ လှောင်တမံရေ ပိုလွှဲပြင်ဆင်တည်ဆောက်မည့်အခြေအနေနှင့် Advanced Metering Infrastructure (AMI) Control Center ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Nov 05, 2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်အားကစားကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဘောလုံးကွင်း၌ ကျင်းပသည်။
Nov 05, 2022
ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် (၅)ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် (၆)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၊ ဘိုရေးအန်ကောဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
