Skip to main content

Feb 22, 2023

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့် “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးတို့အမှူးပြုသော မိတ်ဆွေသင်္ဂဟများကလှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်အဆူ ၄၃၂၀ တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် စပိန်နိုင်ငံမဒရစ်မြို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည့် World Federation of Engineering Organizations Executive Committee Meeting, Madrid Conference and World Engineering Day 2023 Ceremony များသို့တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သော မြန်မာအင်ဂျင်နီယာကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောပူးပေါင်းအဖွဲ့က သတင်းအရ ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် ကျန်းမာရေးလမ်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် ရော်ဘာချေးများဖြင့် ဖုံးအုပ်လျက်သယ်ဆောင်လာသော တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ခဲမဖြူ/ အဖြိုက်နက် ခဲသတ္တု ပိဿာ ၃၀၈၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၄၀၀၀၀၀နှင့် အဆိုပါ ခဲသတ္တုများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မသမာသူများသည် လူပုဂ္ဂိုလ်အချို့၏ Bank Account များအတွင်းမှ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူမှုများ ကျူးလွန်လျက်ရှိသဖြင့် လူပုဂ္ဂိုလ်အချို့ အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူသူ ဒုစရိုက်သမားများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် ပူးပေါင်းကျူးလွန်သူ မြန်မာနိုင်ငံသားတရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့်အားကစားရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ဒဂုံမြို့နယ်အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လျှပ်စစ်သုံးယာဉ် များ ပြေးဆွဲ/အသုံးပြုရေးအတွက် Yangon Aerodrome Co.,Ltdမှ ဆောက်လုပ်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Charging Station တည်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် မဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများဆွေးနွေးပွဲကို ယနေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသခွဲရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Debora Comini နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိရာ အခြေခံသုတေသနစာတမ်း ၁၈ စောင်၊ အသုံးချသုတေသနစာတမ်း ၃၂ စောင်၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းရှစ်စောင်၊ ပိုစတာစာတမ်း ၃၄ စောင် စုစုပေါင်းစာတမ်း ၉၂ စောင် တင်သွင်းဖတ်ကြားလျက်ရှိပြီး တင်သွင်းသောစာတမ်းများကို စိစစ်ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ဘဏ်စာရင်းဖွင့် သိမ်းဆည်းထားသည့် မိမိတို့ပိုင်ငွေကြေးများကို ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ လိမ်လည်လွှဲပြောင်းထုတ်ယူခံရမှုများ မကြာမီကဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများသတိထားနိုင်စေရန် သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။ နည်းပညာဖြင့် အွန်လိုင်းအသုံးပြု၍ ပြစ်မှုကျူးလွန်သူများက ဘဏ်ဝန်ထမ်းအယောင်ဆောင်ကာ ဘဏ်အကောင့်ပိုင်ရှင်ထံမှ အချက်အလက်များကို လှည့်ဖြားတောင်းခံပြီး ငွေကျပ်သိန်းပေါင်းရာနှင့် ထောင်နှင့်ချီကာ လိမ်လည်လွှဲပြောင်းထုတ်ယူသွားကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2023

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 21, 2023

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၁၀၄ မိုင်နှင့် ၁၀၄ မိုင် ၁ ဖာလုံကြားရှိ “ကျီးရိုး” ရိုးချောင်းတံတားအမှတ်(၁/၁၀၅)အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်