Skip to main content

Sep 28, 2022

အားကစားလောကတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ ပြည်သူများစိတ်လက်ပေါ့ပါးစွာ လာရောက်လေ့ကျင့် ကစားနိုင်စေရေးနှင့် အားကစားပြိုင်ပွဲများ အဆင့်အတန်းမြင့်မြင့် လာရောက်ကြည့်ရှုအားပေးနိုင်စေရေး စည်းရုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံများ ရေရှည် တည်တံ့စေရေးနှင့် နောင်တည်ဆောက်မည့် အားကစားကွင်း/အားကစားရုံများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မီစွာ တည်ဆောက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက လမ်းညွှန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

လျှပ်စစ်စစ်ဆေးရေးဌာန၏ စစ်ဆေးအကြံပြုချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးဖြစ်သည့်လုပ်ငန်းများကို သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ၊ မရှိပြန်လည် စစ်ဆေးရန်၊ စက်ရုံ စတင်လည်ပတ်လျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် မတူညီသည့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်နှစ်ခုမှ ချိတ်ဆက်သွယ်တန်းနိုင်ရေး ကြိုတင်ညှိနှိုင်းထားရန်၊ အလုပ်ရုံခွဲအသီးသီး၌ စက်မှုပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်နေမှု လုပ်ငန်းများ အချိန်မီပြီးစီးရေး အချိန်ဇယားများရေးဆွဲ ဆောင်ရွက်ရန်၊ စွန့်ပစ်အပူသုံး ဘွိုင်လာအားစွမ်းအားပြည့် အသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံစမ်းသပ် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်၊ ဝန်ထမ်းများ အနေဖြင့်စက်ရုံခွဲများအလိုက် ဆောင်ရွက်လျက်ရှိသည့် နည်းစဉ်အဆင့်ဆင့်တို့ကို ကြေညက်အောင် လေ့လာထားရန်နှင့် စက်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်သည့် နည်းပညာများရရှိရေး ကြိုးစားသင်ယူကြရန်လိုကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ငါးလုပ်ငန်း အေဂျင်စီ၏ အကြီးအကဲ Mr.Ilya Shestakov ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ စိန့်ပီတာစဘတ်မြို့ St.Petersburg Exhibition and Convention Center ၌ ကျင်းပခဲ့သော Global Fisheries Fourm and Seafood Expo Russia ဖိုရမ်ဖြစ်သည့် (၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီတံတား စစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် အေးခဲအသားများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀)နှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံး အကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

လာမည့်ပညာသင်နှစ်မှ စတင်ပြီး ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ယနေ့ကျင်းပသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

မြန်မာအသံနှင့်ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ နိုင်ငံခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

မျက်မှောက်ကာလ၌ ပြည်သူများ ကြုံတွေ့နေရသောအခက်အခဲမှာ ကုန်စည်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်မားနေခြင်းဖြစ်သည်။ ကုန်စည်ဈေးနှုန်းများ မြင့်မားနေရခြင်းအကြောင်းမှာ ကမ္ဘာ့ရွှေဈေး၊ ငွေဈေးနှုန်းများ မြင့်တက်လာသည်ကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။ တစ်ဦးချင်းဝင်ငွေ ပုံမှန်အခြေအနေတွင် လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်မားလာသောအခါ ပြည်သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2022

နှစ်စဉ်စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်လျှင် လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့်အထိ အသက်ဆုံးရှုံးလျက်ရှိရာ ခွေးရူးပြန်ရောဂါ၏ အန္တရာယ်ကို ပြည်သူလူထု သတိမူစေနိုင်ရန်အတွက် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ ကျင်းပခြင်းဖြင့် ပညာပေး လှုံ့ဆော်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟို ဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားပြည်သူများအား လူသားတံတိုင်း ပြုလုပ်ကာကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများ လုပ်ဆောင်လျက် ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် သိမ်းဆည်းခြင်းများ အပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်