Skip to main content

Aug 16, 2022

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ရန်အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

အစိုးရဌာနများနှင့် အဖွဲ့အစည်းများအတွင်း ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စွမ်းရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြုဆောင်ရွက်လျက်ရှိသော ဘိလပ်မြေ စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၄/၂၀၂၂ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ် (ကြို့ကုန်း) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(သန်လျင်)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့ ကုန်တင်ကုန်ချကားကြီးကွင်းအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ၁၈ လီတာဆံ့ ဟင်းချက်ဆီပုံး ၂၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် NissanCondor အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

အခုလ ၁၃ ရက်နေ့လောက်ကနေစပြီးတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို တွေ့ရှိခဲ့ပါတယ်။ အဓိကဖြစ်ပေါ်ခဲ့တာကတော့ မန္တလေးမြို့မှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းလောက်နဲ့ ညပိုင်းလောက်မှာ ပုံမှန်ရောင်းချပေးနေတဲ့ ကုမ္ပဏီကြီးတွေရဲ့ဆီဆိုင်တွေမှာတောင်မှ ကောလာဟလတွေကြောင့် စက်သုံးဆီကို စုပြုံပြီးဝယ်ယူကြတဲ့ အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှဖွင့်လှစ်သည့် “အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

Mekong – Lancang Cooperation Special Fund (2020) လက်အောက်ရှိ အစားအစာဆန်းသစ်တီထွင်မှုဌာနဖွင့်ပွဲနှင့် တန်ဖိုးမြှင့်သစ်သီးခြောက်ထုတ်ကုန်များထုတ်လုပ်ခြင်းဆိုင်ရာ နည်းစဉ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန Food Innovation Center (FIC) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သောအရာ ထမ်းငယ်များအတွက်ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy - CID) အမှတ်စဉ်(၇/၂၀၂၂ )သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေနှစ်စီးဖြင့် Mask (၁၀ ဒသမ ၃၈)တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်၊ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 16, 2022

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲ။ ဆက်လက်ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမရှိကြသည်ကို တွေ့ရသည်။ ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ တတိယလှိုင်းကဲ့သို့ လူအသေအပျောက်မရှိသလောက်ဖြစ်၍ စိုးရိမ်ပူပန်မှုနည်းရသည်ဟု ထင်မြင်ပါသည်။ ရောဂါကင်းစင်ကျန်းမာခြင်းသည် အကောင်းဆုံးဖြစ်၍ ရောဂါကူးစက်မှုမရှိအောင် သတိမူနေထိုင်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်