Skip to main content

May 01, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH I NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ဓမ္မာရုံ၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြားရုံးသုံးပစ္စည်းနှင့် ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ထုတ်လုပ်ရေးဌာနခွဲ၊ ဗဟန်းအိမ်ရာဝင်း အတွင်း ၄.၅"Ø

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-5 & M-6 ရှိ ရတနာစီမံကိန်းတွင် Provision of Side Scan Sonar (SSS) and Associated Studies လုပ်ငန်းများအား MV. HAI DUONG 86 (Call Sign: XVOH7) ရေယာဉ်ဖြင့် ၂၀၂၅ ခုနှစ် မေ ၁၃ ရက်မှ ၃၁ ရက် အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန် ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် ဧပြီ ၂၉ ရက်အထိ သေဆုံးသူ ၃၇၉၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၆ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံဈေးကားများသည် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်း အိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၃၀ ရက်မြောက်နေ့အဖြစ် ဈေးကားခုနစ်စီးဖြင့်လှည့်လည် ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆည်၊ ကန်၊ တမံ၊ ရေသောက်စနစ် ထိခိုက်ပျက်စီးမှုနှင့် အရေးပေါ်ယာယီပြုပြင်ဆောင်ရွက်၍ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့​ခေါင်းစဉ်ဖြင့် နိုင်ငံရေးပါတီလေးပါတီမှဦးဆောင်၍ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပုစွန်တောင်မြို့နယ် Orchid ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၂၅) ပထမနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ စတင်ကျင်းပရာ ဗဟိုကောင်စီဝင် ၅၂ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့တို့မှ ညီလာခံကိုယ်စားလှယ် ၁၁၀ တို့ တက်ရောက်ကြပြီး ဗဟိုကောင်စီဝင် ၁၈ ဦးနှင့် ညီလာခံကိုယ်စားလှယ် ၁၄၇ ဦး တို့က သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်မှ Video Conferen-cing စနစ်ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်းနှင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်းအပေါ် မူရင်းမပျက်တိုင်းတာစစ်ဆေးခြင်း အဆင့်မြင့်နည်းပညာများအသုံးပြု၍ အဆောက်အအုံများ၏ကြံ့ခိုင်မှုကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) မှ ငလျင်သဘာဝဘေး လေ့လာဆန်းစစ်မှုအတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်လေးဦးနှင့် ပြည်တွင်းပညာရှင်များပါဝင်သောပူးပေါင်းအဖွဲ့က တိုင်းတာစစ်ဆေးနေမှုကို လေ့လာ ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့သွားရောက်၍ လာမည့်ဇွန်လကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်နေသော အသေးစားထိခိုက်မှုများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာ ကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2025

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော် ဘုရားကြီး၏ သာသနာ့ဝန် ထမ်းဆောင်သာသနာပြုခဲ့မှုမှတ်တမ်းများ၊ သုံးဆောင်ခဲ့သော အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားရာပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်