Oct 19, 2024
၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့်ဈေးကွက်ဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံများ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
Oct 19, 2024
မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသော၊ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြသော နိုင်ငံသားတိုင်းသည် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်အတွက် ဆောင်ရွက်သင့်သည်တို့ကို နားလည်သဘောပေါက်သင့်ကြသည်။ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပမှစွက်ဖက်နှောင့်ယှက်မှုများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
Oct 19, 2024
လွန်ခဲ့သည့်နှစ်နှစ် (၂၀၂၂ခုနှစ်) က ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၀၀၀ ပြည့်ခဲ့သည်။ ယခုနှစ်တွင်မူ နောက်ထပ်လူဦးရေ ၆၆ သန်းကျော်တိုးလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးလာနေခြင်းတွင် အဓိကကျသည့်စိန်ခေါ်မှုမှာ တိုးပွားလာသည့်လူဦးရေကို ဝဝလင်လင်ကျွေးမွေးနိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလိုအပ်ချက်နှင့်အတူ အာဟာရမပြည့်ဝသူဦးရေမှာလည်း တိုးတက်လျက်သာရှိနေသည်။
Oct 18, 2024
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Oct 18, 2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အောက်တိုဘာလအတွင်းစတင်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန်အတွက် လူငယ် (၇၀) ဦးကျော်ကို ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 18, 2024
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Oct 18, 2024
ယနေ့သည် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား ၊ စေတီ ၊ ပုထိုးများ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်း စသည့်သူတော်ကောင်း တရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည့်အပြင် အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌လည်း အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။
Oct 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
Oct 18, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
Oct 18, 2024
မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မပျက်သုဉ်းစေရေး၊ မြန်မာတို့၏ အမျိုးသားရေးဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လျက် လက်ဆင့်ကမ်းအမွေအဖြစ် ကမ္ဘာတည်သရွေ့တည်တံ့စေရေးတို့အတွက် နိုင်ငံတော်အစိုးရက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ ယနေ့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ လေးရက်မြောက်နေ့အဖြစ် နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲကြီးတွင် တာဝန်ယူရသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-
Oct 18, 2024
(၁၆) ကြိမ်မြောက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။
Oct 18, 2024
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး မီးထွန်းပွဲတော်များကျင်းပကာ မြို့လုံးအနှံ့စည်ကားလျက်ရှိ
Oct 18, 2024
ယနေ့သည် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြရာ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
Oct 18, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုံးစုံပျက်စီး၍ အသစ်တည်ဆောက်မည့်နေအိမ်ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုပြင်ဆင်နေသည့် နေအိမ်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။
Oct 18, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့်ရုပ်မြင်သံကြား၊ ဝန်ထမ်းမိသားစုများ၏ သီတင်းကျွတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲသည်။
Oct 18, 2024
မဆုရတီထက် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၇ ရက်တွင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 18, 2024
၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 18, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌ နေပြည်တော် ကောင်စီကကြီးမှူး၍ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံများလွှတ်တင်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ညနေ ၆ နာရီတွင် ကျင်းပသည်။
Oct 18, 2024
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းနှင့် တရားဘာဝနာပွားများခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများ၌လည်း ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူပြည်သူများဖြင့် စည်ကားခဲ့သည်။
Oct 18, 2024
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် မျိုးနွယ်စုကြီးများနှင့်အတူ မျိုးနွယ်ငယ်များ ပေါင်းစည်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ ပြည်ထောင်စုသားအားလုံးကို ပေါင်းစည်းခြုံငုံပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာလူမျိုးဟူ၍ ဖြစ်တည်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မြန်မာဟူသည့် တိုင်းရင်းသားသွေးချင်းများ နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်လာခဲ့ကြသည်။
