Sep 06, 2024
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏ သားကောင်းသမီးကောင်းများ ဖြစ်လာစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Sep 06, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (တောင်ကြီး)၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူဆောင်ရွက်နေကြသော သုတေသနပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
Sep 06, 2024
၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် “သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေးစိစစ်ရေးအဖွဲ့” ၏ ဂုဏ်အင်္ဂါအရည်အချင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 06, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 06, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် စုစည်းနေထိုင်သော နိုင်ငံဖြစ်သည်။ ရှေးနှစ်ပေါင်းထောင်ချီကာလကတည်းက အတူတကွလက်တွဲပူးပေါင်းကာ အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးအချင်းချင်း မပြေလည်မှုအခိုက်အတန့်သာရှိခဲ့ပြီး တိုင်းတစ်ပါးမှ ကျူးကျော်မှုများကို အတူတကွလက်တွဲ ပူးပေါင်းတွန်းလှန်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီးကာလတွင် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြီး လက်နက်ကိုင်သောင်းကျန်းမှုများပေါ်ပေါက်လာခဲ့သည်။
Sep 06, 2024
နည်းပညာခေတ်တွင် ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကျဉ်းကျုံ့လာသည်။ ကမ္ဘာအရပ်ရပ်မှ လူတစ်ဦးနှင့် တစ်ဦးအကြား၊ လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုတို့အကြား၊ အပြန်အလှန်အတားအဆီးအကန့်အသတ်မရှိ ဆက်ဆံလာနိုင်ကြသည်။ ယင်းသို့သော အခြေအနေက အကောင်းရော အဆိုးပါ ဖြစ်ပေါ်စေသည်။ မတူညီသောယဉ်ကျေးမှုနောက်ခံကိုယ်စီရှိကြသည့် လူအများကြား နားလည်မှုရရှိနိုင်သလို ပိုမို၍လည်း ကွဲပြားသွားနိုင်သည်။
Sep 05, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 05, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများသည် ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Sep 05, 2024
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှ အကြီးတန်းနည်းပြအရာရှိ(Senior Directing Staff)ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော သင်တန်းသားများသည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်တွင် ရောက်ရှိခဲ့ကြသည်။
Sep 05, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Sep 05, 2024
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (21st ACDFM) ကို ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista Hotel ၌ ကျင်းပပြုလုပ်သည်။
Sep 05, 2024
၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာ သတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) ပြုလုပ်ခွင့်ပြုသည့် စာရင်းများ၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ပြုသည့် စာရင်းများအား စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။
Sep 05, 2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 05, 2024
(၁၉)ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (19th ASIA MEDIA SUMMIT ) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရှိ BAC Spaces ၊ Petaling Jaya တွင်ကျင်းပရာ အာရှပစိဖိတ်ဒေသမှ ဆက်သွယ်ရေး နှင့် ပြန်ကြားရေးဝန်ကြီးများ၊ အာရှ၊ ပစိဖိတ်၊ အာဖရိကနှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ မီဒီယာအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်သည်။
Sep 05, 2024
မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုဖလှယ်ရန် ရည်ရွယ်ချက်များဖြင့် မြန်မာတရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)၏ ဖိတ်ကြားစီစဉ်မှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်၍ ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော်အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ရာ မြန်မာ-တရုတ်ချစ်ကြည် ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့်အဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးတို့က ကြိုဆိုဂါရဝပြုနှုတ်ဆက်ကြသည်။
Sep 05, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Sep 05, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ၏ အမှုဆောင်ကော်မတီအသစ်ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
Sep 05, 2024
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်နိုင်ငံတော်အတွက် အဓိကစွမ်းအားစုဖြစ်သည့် ကျောင်းသားကျောင်းသူလူငယ်များကို အားကစားကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံတွင် နိုင်ငံ၏သားကောင်း သမီး ကောင်းများဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပသည့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) နောက်ဆုံးပွဲစဉ် များကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁) နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။
