Dec 04, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 04, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Dec 04, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Dec 04, 2023
“တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဒီဇင်ဘာ ၃ ရက်နေ့၌ ကျင်းပပြုလုပ်သော တပ်မတော် ထောက်ခံပွဲတွင် နေ့စားခပေးသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း၊ နိုင်ငံနှင့် တပ်မတော်အပေါ် ချစ်မြတ်နိုးသည့် မျိုးချစ်အဖွဲ့များမှ အင်အား ၂ဝဝဝ ခန့်ဖြင့် တပ်ထောက်ခံပွဲအား ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” သက်ဆိုင်ရာ တပ်ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
Dec 04, 2023
ဒီဇင်ဘာလ ၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် ရွှေစေတီငွေစေတီကုန်းရှိ လုံခြုံရေးအဖွဲ့အား အဝေးမှ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးမှုသာဖြစ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အဦများ ပျက်ဆီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
Dec 04, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့နှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများတွင် တပ်မတော်က လေကြောင်းအသုံးပြု၍ ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်နေသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာအချို့က မဟုတ်မမှန်သတင်းများ Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 04, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာအနီးသို့ ဒီဇင်ဘာ ၃ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် အသက်လေးလအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာစေရန် အားပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများဖြင့် သွင်းကုန်အစားထိုး အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ တာချီလိတ်မြို့နယ်မှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအရေအတွက်မှာ ၅၄ ခုရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း ၂၂ ခုပါဝင်ကြောင်း သိရသည်။ အဆိုပါ စားသောက်ကုန်လုပ်ငန်းများအနက် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်ပစ္စည်းများဖြင့် သွင်းကုန်အစားထိုးတစ်နိုင်တစ်ပိုင်စီးပွားဖြစ်ဆောင်ရွက်နေသည့် တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်မှ ကြက်တံဆိပ်ပဲငံပြာရည်လုပ်ငန်းပိုင်ရှင် ဦးလှမောင်နှင့် တွေ့ဆုံမေးမြန်းမှုကို ရေးသားတင်ပြလိုက်ရပါသည်-
Dec 04, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 04, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Dec 04, 2023
အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Dec 04, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးသို့ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ရှိ သွားနှင့်ခံတွင်းလူနာများ နေ့စဉ်ကုသပေးလျက်ရှိသောဌာနများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
Dec 04, 2023
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၅)သစ်တောသုတေသန စခန်းမိုးစွေသို့ သွားရောက်၍ ဆောင်းရာသီတောတွင်း လက်တွေ့ကွင်းဆင်းခြင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသစ်တောကျောင်း ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၇)မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
Dec 04, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ပရိဝုဏ်၌ သာသနိကအဆောက်အအုံများ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများနှင့် ဆဋ္ဌသင်္ဂါ ယနာတင်သမိုင်းဝင် မဟာသိမ်တော်ကြီးနှင့်သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ကမ္ဘာအေးစာပုံနှိပ်တိုက်နှင့် ကျမ်းစာအုပ်အရောင်းဆိုင်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 04, 2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)
Dec 04, 2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု
Dec 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်” ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို အားပေးကူညီပြီး အလုပ်အကိုင် အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိသည်။
Dec 04, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆေးဝါး CYPROHEPTADINE ယားနာပျောက်ဆေးဘူး ၄၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် KIA PREGIO MINI BUS တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
