Nov 20, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Nov 20, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 20, 2023
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန်အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများတူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
Nov 20, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 20, 2023
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၇ ဦးအား အဆိုပါကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 20, 2023
နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါသတင်းများကို ဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက် ကာ ဘဏ်များမှ ငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရပါသည်။
Nov 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၃-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇,၁၆၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Nov 20, 2023
မြန်မာ့ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်နေသူများအား ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂×၆၆ လမ်းကြား၊ ၁၁×၁၂ လမ်းကြားရှိ နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒမုနိဘုရားအရှေ့မုခ်၌ ပြုလုပ်ခဲ့သည်။
Nov 20, 2023
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသအတွင်း ထွက်ရှိသည့် ကုန်ကြမ်းများအပေါ် အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးအားပေးမြှင့်တင်နိုင်ရန် One Region One Product အစီအစဉ်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လားရှိုးမြို့ လွယ်လွမ့်ကျေးရွာရှိ ရှမ်းရိုးရာ တိုးနရား၊ ကိန္နရီ၊ ကိန္နရာနှင့် တူရိယာလုပ်ငန်းရှင် ဦးစိုင်းမောဝ်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်။
Nov 20, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့နံနက်ပိုင်းက အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့သော မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology- MIIT)၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Nov 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ ပေ (၁၄၀ x ၃၀) RCC နှစ်ထပ်ကျောင်းဆောင် သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Nov 20, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Nov 20, 2023
နိုင်ငံတော်အစိုးရအနေဖြင့် One Region One Product အစီအစဉ်ဖြင့် ဒေသအလိုက် အဓိကကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပျဉ်းမနားမြို့နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းအရေအတွက်မှာ ၁၇၈ ခုရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာရှိ ငွေဟင်္သာနှင့် အင်ကြင်းစံကြက်သွန်ကြော် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Nov 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် စက်ကုန်းကျေးရွာတွင် စိမ်းလဲ့မြေသမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားဖြစ် အသေးစားမျှစ်ခြောက်ကုန်ထုတ်စက်ရုံမှ ထုတ်လုပ်သည့် မျှစ်ခြောက်ထုတ်ကုန်ပစ္စည်းများကို ပြည်ပဝယ်လိုအားကြောင့် နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံများသို့လည်း တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
Nov 20, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 20, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၂၁ လုံးအတွင်းမှ ပိုင်ရှင်က ထုတ်ယူလိုသော ဆန္ဒမရှိသည့် ကုန်ပစ္စည်းများဖြစ်သော Textile Materials အထည်အလိပ် ၂၀၅၇၈၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၆၄၄၆၆၅)၊ Textile Fabric Fiber ၁၅၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၁၁ ၄၇၅)၊ Trifamox (ပိုးသတ်ဆေး) ဆေးဝါးဘူး ၉၈၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၇၂၈၇၈၂)၊ ဂုန်အိတ်နှင့် အိတ်မျိုးစုံ ကုန်ကြမ်းပစ္စည်း ၆၀၇၀၀ ကီလိုဂရမ် (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၈၃၂၇၉၂၂)၊ ရော်ဘာ စေးထုတ်လုပ်ရန် ကုန်ကြမ်း ပစ္စည်း ၁၇၉၂၅ ကီလိုဂရမ်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၁၂၄၆၈၅)နှင့် ဓာတုကုန်ကြမ်းပစ္စည်း Polymers Of Ethylene ၄၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၇၆၈၆၀)ကို လည်းကောင်း။
Nov 20, 2023
မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၂ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရှင်များကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်ခံရသော စာရေးဆရာ၊ ဆရာမကြီးအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်မှုများကို ဖော်ပြလိုက်ပါသည်။
Nov 20, 2023
နိုင်ငံတော်ဩဝါဒါစရိယ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ စည်ရှင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ (သက်တော်(၈၅)၊ သိက္ခာတော် (၆၆)ဝါ)သည် မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
