မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို မေ ၉ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ငါးဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ လူမှုကွန်ရက်စာမျက်နှာများ၏ ဖော်ပြချက်များအရ သေဆုံးသူများထဲတွင် ကလေးငယ်အချို့လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။