Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု

 ၂၀၂၃ ခုနှစ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးနှင့်လည်းကောင်း၊ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (SIAA) နှင့်လည်းကောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU လက်မှတ် ရေးထိုးနိုင်ခြင်းတို့အပြင် နိုင်ငံတကာ၌ကျင်းပသည့် အစည်းအဝေးများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ In Person ဖြင့် ခြောက်ကြိမ်ပါဝင်တက်ရောက်နိုင်ခြင်း၊ Virtual Format ဖြင့် ကိုးကြိမ်တက်ရောက်နိုင်ခဲ့ပါသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်သည့်အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ်

ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး Talk Show ပြုလုပ် ဇလွန် မေ ၁၃ ဝေယံ - ဇလွန် (ပြန်/ဆက်)

ဟုမ္မလင်း၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ဟုမ္မလင်း၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရေး အသိပညာပေး Talk Show ပြုလုပ် ဟုမ္မလင်း မေ ၁၃ ဟုမ္မလင်း (ပြန်/ဆက်)

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ ပခုက္ကူ မေ ၁၃ ခရိုင်(ပြန်/ဆက်)

ဆီထွက်သီးနှံပန်းတိုင်အထွက်တိုးရေး ဖျက်ပိုးဘက်စုံကာကွယ်ပေး

ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်း) များ ပန်းတိုင်အထွက်နှုန်းရရှိရန် ဖျက်ပိုးများ(ပိုးမွှား၊ ရောဂါ၊ ပေါင်း) ကာကွယ်နှိမ်နင်းခြင်းများကို စတင်မျိုးစေ့ချချိန်မှစ၍ ရိတ်သိမ်းချိန်တစ်လျှောက်လုံး အချိန်ကိုက်ဆောင်ရွက်သွားရန် အထူးလိုအပ်လှပါသည်။ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် ရာသီအလိုက်ကျရောက်တတ်သော ဖျက်ပိုးများကို သီးနှံစိုက်တောင်သူများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများ အချိန်မီဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေးချက် (Early warning) များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထုတ်ပြန်ပေးပို့ခြင်း၊ သီးနှံကာကွယ်ရေးဌာနခွဲဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။

ဖူလုံမှု၊ ဘေးကင်းမှုမှသည် မြင့်မားသော ဘဝအဆင့်အတန်းတစ်ခုဆီသို့

နိုင်ငံမှာ စားရေရိက္ခာဖူလုံမှုဟုဆိုရာမှာ စိုက်ပျိုးသီးနှံသာမက မွေးမြူရေး၊ ရေထွက်ကုန် အမယ်စုံဖူလုံနေမှသာ အဓိပ္ပာယ်နဲ့ကိုက်ညီမှာဖြစ်ပါတယ်။ စား၊ ဝတ်၊ နေရေးသုံးဖြာမှာ အရေးကြီးဆုံးဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းတဲ့အစားအသောက်ကို လုံလုံလောက်လောက် မျှမျှတတစားသုံးနိုင်မှလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှင်သန်မှာဖြစ်တယ်ဆိုတဲ့အတွက် စားရေရိက္ခာဖူလုံရေး (food security) နဲ့ ဘေးကင်းတဲ့အစားအစာ (food safety) ဆိုတာမှာ လူသားအားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် ဖူလုံဖို့နဲ့ ဘေးကင်းဖို့ နှစ်ချက်လုံးနဲ့ဆိုင်နေတဲ့အပြင် ပြဿနာရှိနေတဲ့ အစားအစာတစ်ခုကို ညွှန်ပြပါဆိုရင်တော့ ကျွန်တော်တို့ရဲ့အစားအစာမှာ မရှိမဖြစ်ပါဝင်နေတဲ့ စားသုံးဆီကိုသာ တိုက်ရိုက်ညွှန်းရပါလိမ့်မယ်။
Subscribe to