မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဟူသော ဥတုသုံးလီသည် အကြမ်းဖျင်းအားဖြင့် တစ်နှစ်တာ၏ လေးလစီ ပိုင်းခြားထားသော်လည်း ကျယ်ဝန်းလှသည့် မြန်မာပြည်၌ အထက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသတို့တွင် အချိန်ကာလ ကွဲပြားသည်။ အထူးသဖြင့် အထက်မြန်မာပြည် မန္တလေးအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတို့တွင် နွေဥတုကာလရှည်၍ အပူချိန်များသည်။ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အပူရှိန်မြင့်မားကာ ယခုနှစ်တွင်လည်း မတ်လမှစပြီး သိသိသာသာ ပူပြင်းလာပါသည်။