အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ယှဉ်ပြိုင်မှုများ
ဩစတြေးလျနိုင်ငံမှ Think Tank အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Australian Strategic Policy Institute (ASPI) က အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကဆောင်ရွက်နေတဲ့ သုတေသနလုပ်ငန်းတွေကို လေ့လာခဲ့ပြီး မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်စောင်ဟာ အံ့ဩထူးဆန်းဖွယ်မဟုတ်သော်လည်း နိုင်ငံတကာက အလေးထားလာရတဲ့ တွေ့ရှိချက်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
