Skip to main content

ပြင်ဦးလွင်တွင် မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

ပြင်ဦးလွင်တွင် မီးခိုးမြူငွေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ် ပြင်ဦးလွင် ဒီဇင်ဘာ ၁ သွေးသွေး

ကျောက်ဆည်မြို့နယ်တွင် နှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့နယ်တွင် နှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် ဒီဇင်ဘာ ၁ အောင်ပိုင်ပိုင်ကျော်

EV ဖွံ့ဖြိုးမှုနှင့် အနာဂတ်အလားအလာများ

နိုင်ငံတော်တွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေးအတွက် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ နိုင်ငံတော်က အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ်မှစတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၃ ခုနှစ်၌ EV ကဏ္ဍဖွံ့ဖြိုးရေးလမ်းပြမြေပုံကို ၂၀၅၀ ပြည့်နှစ်အထိ စနစ်တကျရေးဆွဲချမှတ်ခဲ့ပြီး ဦးဆောင်ကော်မတီ၏ မူဝါဒနှင့် လမ်းညွှန်ချက်များအတိုင်း နိုင်ငံတော်တွင် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီငါးခုတို့က ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အနေဝေးသော်လည်း သွေးချင်းနီးသည့် မိတ်ကောင်း ဆွေကောင်း နိုင်ငံကောင်း

မိတ်ကောင်းဆွေကောင်းဆိုသည်မှာ အသွေးမတူအသားမတူသော်လည်း၊ အနေဝေးသော်လည်း၊ ယခုမှ ခင်မင်ရင်းနှီးရသော်လည်း ကိုယ်နှင့်ထပ်တူ စိတ်တူကိုယ်မျှ အေးအတူ၊ ပူအမျှ တစ်သွေးတည်းတစ်သားတည်းကဲ့သို့ ပေါင်းသင်းနေထိုင် ဆက်ဆံတတ်သော သူမျိုးဖြစ်သည်။ အကျိုးစီးပွားများကို မျှဝေခံစားလိုစိတ်ရှိသော စိတ်ကောင်းစေတနာကောင်းရှိသူဟုလည်း ဆိုချင်သည်။ ကျွန်တော်တို့ လူသားများဘဝတွင် ထိုသို့မိတ်ကောင်း၊ ဆွေကောင်းများနှင့်လည်း ကြုံဖူးသည်။ နှစ်ပေါင်းရှည်ကြာ ရင်းနှီးခဲ့သည့် မိတ်ကောင်းများလည်း ဆုံဖူးသည်။ အနေနီးသော်လည်း မိတ်ဆွေတု၊ မိတ်ဆွေယောင်များနှင့်လည်း ကြုံဖူးသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံအနေဖြင့်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပ သရက် နိုဝင်ဘာ ၃၀ ဇော်ထက် (သရက်)

မိုးနဲမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံလက်တွေ့သရုပ်ပြ

မိုးနဲမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုပုံလက်တွေ့သရုပ်ပြ မိုးနဲ နိုဝင်ဘာ ၃၀ မြို့နယ်(ပြန်/ဆက်)

ရွှေဘိုမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရွှေဘိုမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက် ရွှေဘို နိုဝင်ဘာ ၃၀ ခရိုင်(ပြန်/ဆက်)

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ လှိုင်သာယာ(အနောက်ပိုင်း)၊ နိုဝင်ဘာ ၃၀ မြင့်ဇော်(ပြန်/ဆက်)

အကြမ်းဖက်အမှောင်ရိပ်တို့ လွင့်ပြယ်၍ ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် နွားထိုးကြီးမြို့နယ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီးမြို့ကလေးမှာ တစ်ချိန်က အေးချမ်းသာယာခဲ့သည့် မြို့ကလေးဖြစ်သည်။ မန္တလေး-မြင်းခြံရထားလမ်းနှင့် ကားလမ်းတို့ဆုံရာတွင် တည်ရှိနေသည့် နွားထိုးကြီးမြို့၏ စီးပွားရေးအခြေခံမှာ မိရိုးဖလာစိုက်ပျိုးရေးနှင့် မွေးမြူရေးတို့သာဖြစ်သည့်အလျောက် စည်စည်ကားကားမြို့ကြီးများနှင့် ယှဉ်ပြိုင်လျှင် သာမန်နယ်မြို့ကလေးတစ်မြို့သာ။ နွားထိုးကြီးမြို့ပေါ်ရပ်ကွက် ရှစ်ခုတွင်နေထိုင်သူ စုစုပေါင်းမှာ ၁၄၀၀၀ ကျော်မျှသာဖြစ်ရာ မြို့နယ်အတွင်းရှိ ကျန်လူဦးရေ နှစ်သိန်းလျော့လျော့တို့မှာ ကျေးရွာများတွင် နေထိုင်ကြခြင်းဖြစ်သည်။

ချစ်ခြင်းတရားနှောင်ကြိုးမှသည် ခိုင်မာအားကောင်းမှု အရပ်ရပ်ဆီ

ယနေ့ Multipolar, Multilateral ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဆွေဖြစ်ရန် ကြိုးစားလာကြသည်။ ယခုလိုကာလမျိုး ပဋိပက္ခ၊ သဘာဝဘေး၊ ရောဂါမျိုးစုံဘေးဒုက္ခအစုံနှင့် ပြည့်နေသည့် ကမ္ဘာကြီးမှာ ရန်ဘက်အသွင်ပြောင်းနိုင်ငံများအကြား နိုင်ငံတကာ မိတ်ဖက်အသိုက်အဝန်းတစ်ခု ဖန်တီးဖို့ဆိုသည်မှာ ခက်ခက်ခဲခဲကြိုးပမ်းမှ ရလာနိုင်သည့် အခြေအနေမျိုးဖြစ်သည်။ အကျိုးစီးပွားပဓာနနိုင်ငံများ၊ အတ္တကြီးမား ခေါင်းဆောင်များကြောင့် စိန်ခေါ်မှုများ ရှိမြဲရှိနေငြား မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများက အရှိန်တစ်ခုမှာ ခပ်သွက်သွက်ဖြစ်လာသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် မိသားစု ပမာ၊ ညီအစ်ကိုရင်းပမာ ညီညွတ်သောမဟာမိတ်အသွင် ပို၍ထင်ရှားလာနေသည်။
Subscribe to