ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (ဩစတြီးယားနိုင်ငံ)
ဩစတြီးယားသမ္မတနိုင်ငံသည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ ဆလိုဗား ကီးယား၊ ဆိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ၈၃၈၇၈ စတုရန်းကီလိုမီတာ (၃၂၃၈၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေ ၈ ဒသမ ၉၅ သန်းခန့်ရှိသည်။ ဩစတြီးယားသည် ပါလီမန်ဒီမို ကရေစီနိုင်ငံဖြစ်သည်။ ဩစတြီးယားနိုင်ငံ၏ မြို့တော် ဗီယင်နာ (Vienna)သည် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိသော အကြီးဆုံးမြို့တော်ဖြစ်သည်။
