Skip to main content

ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်မည့် အစပျိုးသော နှစ်တစ်နှစ်ဖြစ်ပါစေ

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်ပါရှိသည့် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု ဖော်ပြထားသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်က စဉ်ဆက်မပြတ် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။ နိုင်ငံတော်၏ လက်ရှိပကတိလိုအပ်ချက်အရလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးသာ ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထာဝရချုပ်ငြိမ်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်မှာ အထင်အရှားဖြစ်ပါသည်။

ဆိုဗီယက်/ ရုရှားခေတ်များမှ အားကျအတုယူဖွယ်မျိုးချစ်စိတ်ဓာတ်

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အကျပ်အတည်းမျိုးစုံအောက်မှာ ပြိုကွဲခဲ့ရသည့် ဆိုဗီယက်ယူနီယံကြီး တစ်ဖြစ်လဲ ယနေ့မျက်မှောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံကြီးကား သမ္မတ ဗလာဒီမာပူတင် ဦးဆောင်တာဝန်ယူခဲ့သည့်ကာလတစ်လျှောက် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး တစ်နိုင်ငံအဖြစ် ထင်ထင်ရှားရှား ရပ်တည် လျက်ရှိနေပေပြီ။
Subscribe to