ခမ်းနားသည်၊ ကြီးကျယ်မြင့်မြတ်လှသည်။ ချီးမြှောက်မှု၊ တမ်းတမှု၊ ဂုဏ်ပြုမှု၊ ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသော နှစ်သစ်တစ်ခု၏ ဦးဆုံးနေ့တစ်နေ့၊ ဟေမာန်ဆောင်းဦးမြူနှင်းထုမှောက် နေရောင်အောက်ဝယ် ရဲရင့်မှု၊ ညီညွတ်မှုတို့နှင့်အတူ လွတ်လပ်မှုကိုထင်ဟပ် သည့်အလှတရားများ ဆုံဆည်းရာပန်းချီကားတစ်ချပ်သဖွယ်၊ ဂျူဘလီ (Jubilee)ဟု ရည်ညွှန်းသောဂုဏ်ယူဖွယ်ရာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြီးကား ဆင်ယင်ကျင်းပအောင်ပွဲခံခဲ့ပါပြီ။