လောကဓမ္မတာအရ အဟောင်းအသစ်ဖြစ်စဉ်တရားတွင် အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းရာတွင် အသစ်အသစ်များ အစားထိုးဝင်ရောက်လာတတ်ပေသည်။ အဟောင်းကိုပစ် အသစ်ကိုရှာကြခြင်း၊ အသစ်စက်စက်ကိုမှ တပ်မက်ခြင်းဆန္ဒသည် လူသားတို့မကင်းနိုင်အောင် ရှိကြရပေသည်။ သို့ရာတွင် အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့တလည်လည်ဟူသော စကားလည်းရှိသည်။ ဟောင်းသာဟောင်း၏ ကောင်းသောအရာများရှိသကဲ့သို့ သစ်သာသစ်၍ မဖြစ်သောအရာများရှိကြောင်း ဆရာတိုက်စိုး၏ စာကိုးစကားကိုး စာအုပ်ထဲက အမှတ်အသားကလည်း အသုံးချစရာဖြစ်ရပါ၏။