Skip to main content

နိုင်ငံ့စီးပွား စိုက်ပျိုးမွေးမြူရေးစွမ်းပကား

နိုင်ငံတော်သည် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်လျက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်ရေး၊ ကုန်ထုတ်စွမ်းအား များမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေ တိုးတက်ရရှိစေရေး၊ ဘေးကင်းလုံခြုံ၍အာဟာရ ပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးကို နည်းလမ်းပေါင်းစုံဖြင့် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်များစွာဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ပံ့ပိုးကူညီပေးလျက်ရှိသည်။ ထို့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖြစ်သည့် ဈေးကွက်သုတေသန၊ စိုက်ပျိုးရေး သုတေသန၊ မွေးမြူရေးသုတေသန၊ စက်မှု သုတေသန၊ နည်းပညာသုတေသန၊ ပညာရေး သုတေသနလုပ်ငန်းများကို အားပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် မြေနှင့် ရေ အရင်းအမြစ်များကို အကျိုးရှိရှိ သုံးစွဲသွားရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခေတ်မီ နည်းစနစ်များဖြင့် ပေါင်းစပ်၍ လယ်ယာ၊ သားငါး ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေမည့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းသိပ္ပံ (တွံတေး)ကျောင်းဖွင့်ပွဲနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းဖွင့်ပွဲကို ၁၂- ၁၂- ၂၀၂၂ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရေတင်များဖြင့် စိမ်းလန်းစေမည့် ညောင်ဦးဒေသ စိုက်ဧကများ

စပါး၊ ပဲ၊ ပြောင်း၊ နေကြာစသည်ဖြင့် စိုက်ပျိုးသီးနှံမျိုးစုံ ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် ညောင်ဦးခရိုင်အတွင်း မြစ်ရေတင်စီမံကိန်းငါးခုကို အကောင်အထည်ဖော်ထားပြီးဖြစ်သည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်သော်လည်း စိုက်ခင်းများတွင် ရာသီပတ်လုံးစိုက်ပျိုးနိုင်အောင် မြစ်ရေတင်များ တည်ဆောက်ထားရှိမှုကြောင့် စိုက်ပျိုးရေရရှိနေသဖြင့်တောင်သူများက သီးနှံအထွက်တိုးရေး ကြိုးပမ်းအားထုတ်လျက်ရှိသည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး

လန်ချန်းမြစ်(ခေါ် )မဲခေါင်မြစ်သည် တရုတ်နိုင်ငံမှ စတင်မြစ်ဖျားခံလာကာ အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်လျားဆုံးမြစ်ကြီးဖြစ်သည်။ မဲခေါင်မြစ်သည် မိုင် ၂၇၀၀ ကျော် ရှည်လျားပြီး အာရှတိုက်တွင်လည်း တတိယမြောက်အရှည်လျားဆုံးဖြစ်သည်။ စတင်မြစ်ဖျားခံရာတရုတ်နိုင်ငံတွင် လန်ချန်းဟုခေါ်တွင်ပြီးဖြတ်သန်းစီးဆင်းရာ နိုင်ငံများတစ်လျှောက်တွင် မဲခေါင်ဟုအမည်သညာတွင်သောကြောင့် အမည်နှစ်မျိုးနှင့်မြစ်တစ်စင်းဖြစ်ပေသည်။
Subscribe to