မြန်မာနိုင်ငံသည် ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ကွန်ဗင်းရှင်းအဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်ခဲ့သည်။ ၇-၈-၂ဝ၁၃ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၅-၂-၂၀၁၄ ရက်နေ့တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် စတင် ဖွဲ့စည်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၄-၈-၂၀၁၄ ရက်နေ့တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲခဲ့သည်။