Skip to main content

နိုင်ငံတော်လွတ်လပ်ရေးနှင့် စာပေဗိမာန်၏ အခန်းကဏ္ဍ

မိဘတို့၏မေတ္တာတရားကို မည်မျှပင် နားလည်သည်ဆိုစေကာမူ ကိုယ်ကိုယ်တိုင် မိဘနေရာ မရောက်သေးသရွေ့ အပြည့်အဝနားလည် နိုင်မည်မဟုတ်ပေ။ ထို့အတူ မလွတ်လပ်ခြင်း၊ အခြားတိုင်းတစ်ပါးသား၏ စိုးမိုးချုပ်ချယ်၊ ကိုလိုနီပြုခြင်းဆိုးကျိုးကို မည်မျှပင် ကိုယ်ချင်းစာ၍ နားလည်သဘောပေါက်သည် ဆိုစေကာမူ ကိုယ်ကိုယ်တိုင် ထိုကဲ့သို့ ကိုလိုနီပြု စိုးမိုးခြင်းအောက်တွင်မရောက်ခဲ့ဘဲ ဂဃနဏ သိရှိခံစား နားလည်ပေးနိုင်မည်မဟုတ်ပေ။

“ရွှေလီ၊ ရဲရွာ ရေအားလျှပ်စစ်စက်ရုံတွေကထွက်လာတဲ့ ဓာတ်အားတွေကို မြန်မာနိုင်ငံ တောင်ပိုင်းကို ပိုမိုလျင်မြန်စွာ ပို့လွှတ်နိုင်ရေးအတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) -စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင် အား အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ပြောင်းလဲတိုးတက်နိုင်သူတို့အတွက် အချိန်တိုင်းသည် နှစ်သစ်

ခရစ်နှစ်တစ်နှစ် ကုန်ဆုံးပြန်လေပြီ။ နှစ်သစ်ကို ပျော်ရွှင်ဖွယ် အခမ်းအနားများဖြင့် တခမ်းတနား ကြိုဆိုကြမည်။ နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များကို မျှော်လင့်ကြလေ့ရှိသည်။ နှစ်သစ်ဆုတောင်းစကားများလည်း ဆိုကြမည်။ မြန်မာနိုင်ငံတွင် မြန်မာပြက္ခဒိန်အရ နှစ်သစ်ကူးနေ့ရှိသကဲ့သို့ အခြားလူမျိုးများနှင့် ယဉ်ကျေးမှုများတွင် နှစ်သစ်ကူးနေ့များ ရှိကြသည်။ ယနေ့ခေတ်တွင် အသုံးအများဆုံး ဂရီဂေါရီယန်ပြက္ခဒိန်အရ နှစ်သစ်ကူးနေ့သည် ဇန်နဝါရီ ၁ ရက်ဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်တွင် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံး၍ ဇန်နဝါရီ ၁ ရက်တွင် နှစ်သစ်တစ်နှစ်ကို စတင်ခြင်းဖြစ်သည်။ ကုန်ဆုံးသွားသော အချိန်ကာလတို့သည် အတိတ်ကာလအဖြစ် ကျန်ရှိနေခဲ့ပြီး ပြန်လည်၍ မရနိုင်တော့။
Subscribe to