မြန်မာနိုင်ငံတွင် ပြည်ပကို ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့် ဘဏ်လုပ်ငန်းလိုင်စင်ကို နိုင်ငံပိုင် ဘဏ်သုံးခု၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခု၊ နိုင်ငံ ခြားဘဏ်များ၏ ဘဏ်ခွဲ ၁၃ ခု စုစုပေါင်း ၃၅ ခုအား လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြည်တွင်းဘဏ် ၁၉ ခုအနက် ၁၃ ခုသာ အမှန်တကယ် လုပ်ကိုင် လျက်ရှိသည်။ ဘဏ်များအနေဖြင့် ငွေလွှဲခြင်းဆိုင် ရာလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ခေတ်နှင့်လိုက်လျော ညီထွေမရှိတော့သည့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ကျင့်သုံးနေခြင်းက တရားမဝင်ငွေလွှဲခြင်းကို တွန်းအားပေးရာရောက်စေသည်။