Skip to main content

လူထုအခြေပြု မြန်မာ့ခရီးသွားလုပ်ငန်းများ

မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် မြန်မာ့ရေမြေသဘာဝအလှများက ချစ်စရာကောင်းလှ သည်။ ကမ္ဘာတစ်လွှား နိုင်ငံခြားသားခရီးသွားများ၏ နှလုံးသားကို ရိုးသားပွင့်လင်းစွာ ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။ မြန်မာ့အပြုံး သူတို့နှလုံးသား ထဲ စွဲထင်သွားခြင်းသာဖြစ်သည်။

လူမှုကာကွယ်စောင့်ရှောက်ရေး စာရွက်မှတ်တမ်းမှသည် ဒစ်ဂျစ်တယ်စနစ်ဆီသို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဟာ “လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မယ့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးနဲ့ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းတွေနဲ့ ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး” မူဝါဒနဲ့အညီ ပြည်သူလူထုအတွင်း ထိရောက်တဲ့ လူမှုရေးပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

ရွှေရတုသက်တမ်း “ စာအုပ်စာပေ လူ့မိတ်ဆွေ ” ဆောင်ပုဒ်

“စာမတတ်လို့ စာကိုသင်၊ စာကိုသင်မှ မိုက်မှန်းသိ” ဆိုသည့် ဆရာကြီးမင်းသုဝဏ်တို့လက်ထက်က အမှတ်အသားသည် ခေတ်မတိမ် နည်းမှီရဆဲဖြစ်လေသည်။ စာမတတ်ခဲ့သဖြင့် စာသင်တတ်မြောက် စာဖတ်နိုင်သည့်အခါ တစ်ချိန်က မိုက်မှားခဲ့သည်တို့ကို နောင်တရကြောင်း ရိုးရှင်းစွာ ဆိုပေသည်။ တစ်ချိန်က ကိုလိုနီစနစ်ကြောင့် မြန်မာများ စာမတတ်ခဲ့ရသည်ကို အတော်ပင် ကုစားခဲ့ရသည်။ အထူးသဖြင့် ၁၉၇၀ ဝန်းကျင်တွင် လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် နိုင်ငံတစ်ဝန်း ကြိုးပမ်းခဲ့ပေရာ အောင်မြင်မှုရသည့်အပြင် နိုင်ငံတကာဆုကိုပါ နှင်းအပ်ခြင်းခံရသည်။
Subscribe to