ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဥပဒေပြုလွှတ်တော်များအတွက် ပါတီစုံရွေးကောက်ပွဲများကို ကျင်းပရလေ့ရှိသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်၍ ကိုယ်စားပြုမှုကို ကျင့်သုံးရခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအကျဆုံး အနှစ်သာရကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ကိုယ်စားပြုခြင်းတို့ပင်ဖြစ်သည်။