“မြန်မာ” ဟူသော အမည်သည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းကို ရည်ညွှန်းကိုယ်စားပြုသည့် အမည်လုံးဝ မဟုတ်ပါ။ မြန်မာအဘိဓာန်ကျမ်းကြီး “မြန်မာနိုင်ငံအဘိဓာန်ကျမ်းကြီး” တွင် “နှစ်ရှည် ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတကွ အခြေစိုက်နေထိုင်သော တိုင်းရင်းသားလူမျိုး”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် “မြန်မာ” ဟူသော အမည်နာမသည် ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုအားလုံးအတွက် ပေါင်းရုံး သိမ်းကျုံးကာ ခေါ်ဝေါ်သတ်မှတ်ထားသည်မှာ ထင်ရှားလှပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့်လည်း “ပြည်ထောင်စု မြန်မာနိုင်ငံ” (Union of Myanmar) ဟု ဖွင့်ဆိုသတ်မှတ်ထားခြင်း ဖြစ်ပါသည်။