အရုဏ်ဦး၏ ရောင်နီဦးအောက်တွင် သက်ရှိ၊ သက်မဲ့အရာအားလုံး ပြန်လည်နိုးထသက်ဝင်လာသည်။ နေ့သစ်တစ်နေ့ကို အစပျိုးလိုက်သည့် အရုဏ်ဦး၏အလှ၊ သန့်ရှင်းလတ်ဆတ်သော လေနုအေးတို့ကို ထိတွေ့နမ်းရှိုက်ရသည့်အရသာ။ သစ်လွင်သောနေ့သစ်မှာ ပတ်ဝန်းကျင်ကလည်းအသစ်၊ လူကလည်း စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်။ အရာရာသည် သစ်လွင်ဆန်းသစ်လှပလို့နေသည်ကော။