Skip to main content

အကြမ်းဖက်မှုဖြင့် နိုင်ငံရေး အဖြေမရနိုင်

အောက်တိုဘာ ၂၁ ရက်က ကော့ကရိတ်မြို့ကို KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းတွေ၊ KKO (ခွဲထွက်) အဖွဲ့နဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူအချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မတိုင်ခင်က အင်းစိန်ထောင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြလို့ အပြစ်မဲ့ပြည်သူအချို့သေဆုံး ခဲ့ပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ ပစ်ခတ်ခဲ့လို့ ဘုရားဖူးပြည်သူတွေ သေဆုံးခဲ့ပါသေးတယ်။ ဒီထက်ဆိုးရွားတဲ့ လုပ်ရပ်ကတော့ ကျောင်းကိုဗုံးခွဲတိုက်ခိုက်ခြင်းပါပဲ။ အောက်တိုဘာ ၂၂ ရက်က ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲကို Drone အသုံးပြုပြီး Drop Bomb နဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ ပြောရရင်တော့ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေမဟုတ်ဘဲ ကလေးသူငယ်တွေ၊ အများပြည်သူဆိုင်ရာ နေရာတွေ၊ ဘုရား စေတီပုထိုးတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ အစိုးရဆိုင်ရာရုံးတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ လွဲမှားတဲ့အယူအဆနဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။

ဟိုပုံးမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၂)

ဟိုပုံးမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၂) ဟိုပုံး နိုဝင်ဘာ ၁ ခရိုင်

(၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

(၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း ပုသိမ် နိုင်ဝင်ဘာ ၁ မြင့်ဟန် ခရိုင် (ပြန်/ဆက်)

ဟိုပုံးမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ အပိုင်း(၁)

ဟိုပုံးမြို့၌ လူထုအခြေပြုဗဟိုဌာနတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ အပိုင်း(၁) ဟိုပုံး နိုဝင်ဘာ ၁ ခရိုင်

ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာတွင် ပေါ်တော်မူဘုရားပွဲတော်နှင့် ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာတွင် ပေါ်တော်မူဘုရားပွဲတော်နှင့် ပထမအကြိမ် နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ဒေးဒရဲ နိုဝင်ဘာ ၁ မြို့နယ် (ပြန်/ဆက်)

ဆေးလိပ်ငွေ့တစ်ရှိုက် ကွမ်းတစ်ငုံ

ထန်းရည်ကြိုက်သောသူသည် အချိန်တန်လျှင် ထန်းပင်ကိုမော့ကြည့်ကြသည်။ ယမကာသမားကလည်း နေညိုလျှင်လေပြိုကြသည်။ ထို့အတူ ဆေးလိပ်ကြိုက်နှစ်သက်သူအတွက်ကတော့ ထမင်းစားပြီးလည်းတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တိုဆိုသည့် ခေတ်ပေါ်သီချင်းကဲ့သို့ ဆေးလိပ်က အချိန်တိုင်း အမြဲတမ်းလိုနေတတ်သည်။ အိမ်ရာမှ နိုးလျှင်နိုးချင်း မျက်နှာသစ်၊ သွားတိုက်ဖို့မစဉ်းစားဘဲ ဆေးလိပ်ဖွာရှိုက်လိုက်ရမှနေသာသည့်ကျွန်တော်၊ အစည်းအဝေးအရှည်ကြီးများနှင့်ကြုံရလျှင် အပြင်ထွက်ပြီး စီးကရက်တစ်လိပ်လောက်သောက်လိုက်ရမှ ကျေနပ်မိသော ကျွန်တော်၊ ညနေဆိုလျှင် ဗျစ်ရည်ခေါ် ယမကာလေးကိုလည်း အဖော်ပြုတတ်သော ကျွန်တော်၊ ခုတော့ ထိုဒုက္ခ၊ ဤဒုက္ခများမှ ကင်းလွတ်ငြိမ်းခဲ့သည်မှာ နှစ်နှစ်တင်းတင်းပင်ပြည့်ခဲ့ပြီဖြစ်သည်။
Subscribe to