Skip to main content

ကျေးဇူးကမ္ဘာပါ စီးပွားဘဏ်

“သောက်ရေသန့်ကား ရောက်ပါပြီဗျို့” သီးလုံးရွာထဲသို့ သောက်ရေသန့်လာပို့သောကားလေးမှာ အချိန်မှန် ရောက်ရှိလို့လာပါပြီ။ တစ်အိမ်ပြီး တစ်အိမ်လိုက်ပို့ရင်း သောက်ရေသန့်ကားလေးမှာ ရွာလယ်ရှိ ဝင်းရတနာ ဆန်စက်ဝင်းထဲသို့ဝင်လာခဲ့ပြီး ကားခေါင်းခန်းမှ လူရွယ်တစ်ဦးဆင်းလာကာ “ ဗျို့ စက်ပိုင်သူဌေး တကယ်ကြိုးစားလှပါလား၊ ပိုက်ဆံတွေ ထားစရာရော ရှိသေးရဲ့လားဗျာ” ဟု ဆန်စက်ဘက်သို့ လှမ်းအော် ပြောလိုက်ရာ ဆန်စက်ထဲမှ လူတစ်ဦးကိုယ်ပေါ်ရှိ ဖွဲမှုန်များကိုခါရင်း ထွက်လာပြီး လူငယ်ကိုတွေ့သွားကာ “ဟာကိုတေဇာပါလား၊ ကိုယ်တိုင်လိုက်လာတာပေါ့လေ” ဟု ပြန်နှုတ်ဆက်လိုက်ပါသည်။

လူငယ်တိုင်း နောင်တကင်းစွာ လျှောက်ရမည့်လမ်း

နောင်တဆိုသည်မှာ မကောင်းသောအလုပ်၊ မမှန်သောအလုပ်၊ မသင့်တော်သောအလုပ် စသည်တို့ကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိရာမှ ပြန်လည်စိုးရိမ်ပူပန်ရခြင်းမျိုး ဖြစ်ပေသည်။ မှန်သည့်အလုပ်၊ ကောင်းသည့်အလုပ်မှန်သမျှ နောင်တရစရာမရှိ၊ ပြန်လည်တွေးမိတိုင်း ဝမ်းမြောက်ခြင်း၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်းတို့သည် ဖြစ်ပေါ်နေပေလိမ့်မည်။ ထို့ကြောင့် မည်သူမဆို နောင်တဖြစ်စေမည့် အတွေး၊ အပြော၊ အလုပ်တို့ မပြုလုပ်ခြင်းအားဖြင့် မိမိအကျိုး၊ အများအကျိုး စောင့်ထိန်းရာ ရောက်ပေလိမ့်မည်။

ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ဖျက်ရမည့် အဂတိလိုက်စားမှု

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် အဂတိလိုက်စားမှုကို အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် တွေ့ရပါသည်။ အဂတိလိုက်စားမှုဖြစ်ရသည့် အရင်းခံအကြောင်းတရားများနှင့် ဖြစ်လာသည့် အကျိုးဆက်များသည် များစွာ ကျယ်ပြန့်သည်ကို တွေ့ရပါသည်။
Subscribe to