မြေချဉ်နှင့် ဆားပေါက်မြေဆီလွှာများအား ထုံးနှင့် ဂျစ်ပဆန်အသုံးပြု၍ ပြုပြင်ခြင်း
ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲစွာမြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရရှိသည့်မိုးရေချိန် ပမာဏအနည်းအများအပေါ်မူတည်၍ စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါသည်။
