နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်း လုပ်သက် ၁၀ နှစ်ကျော်မှ စာရေးသူအနေဖြင့် တက်ရောက်ခဲ့ရသည်။ ကြားကာလတွေမှာ မတက်ရောက်ဖြစ်သည်က ဌာနလုပ်ငန်းခွင်တွင် လုပ်ငန်းလိုအပ်ချက်အရ မတက်ရသည်သာ ဖြစ်ပေသည်။ စာရေးသူ၏ အိပ်မက်မှာကား နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ဇီးပင်ကြီးသို့ တက်ရောက်လိုသည့် ဆန္ဒကား အမြဲပင်ရှိနေခဲ့သည်။