မိဘတွေမှာ သားသမီးများ ရှိကြတယ်။ ဆရာ ဆရာမတွေမှာလည်း သားသမီးတွေ ရှိကြပါတယ်။ နိုင်ငံတော်မှာလည်း သားသမီးတွေရှိတာပါပဲ။ မိဘတွေမှာရှိနေတဲ့ သားသမီးများကတော့ ရင်မှာလွယ်ဖွား မွေးဖွားခဲ့ရသူများပါ။ ဆရာ ဆရာမတွေဆီမှာ ရောက်လာတဲ့ မိဘတွေရဲ့ သားသမီးများကတော့ ဆရာ ဆရာမတွေရဲ့ တပည့် သားသမီးများပါပဲ။ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မိဘတွေရဲ့ သားသမီးများကတော့ နိုင်ငံတော်ရဲ့ သားသမီးများပဲ ဖြစ်ပါတယ်။