Skip to main content

လူ့အဖွဲ့အစည်းအကျိုး၊ မိမိအကျိုး မျှတစွာစဉ်းစား

မြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားတို့ တိုးတက်အောင်မြင်ကြီးပွားပြီး အဆင့်အတန်း မြင့်မားလာစေရေး အတွက်ဆိုလျှင် မြန်မာတို့အနေဖြင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲပစ်ရမည့် သဘောထားများရှိနေ၏။ အရေးကြီးဆုံး လည်းဖြစ်ပြီး အလွန်တရာမှလည်း အခြေအနေ ဆိုးရွားနေပြီဖြစ်သော အကြောင်းအရာလေးချက်ကို တင်ပြလိုပါသည်။ ထိုသို့သော အကြောင်းကိစ္စ များနှင့်ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားများ၊ အပြုအမူများကို မပြုပြင်မပြောင်းလဲ မမြှင့်တင်နိုင်ပါက မြန်မာတို့အတွက် တိုးတက်သာယာ ဝပြောရေးကို မျှော်လင့်ရန်မဖြစ်နိုင်ရုံ မျှမက ရှေ့လျှောက် ပိုမိုဆင်းရဲ နိမ့်ကျလာပြီး နိုင်ငံတကာနှင့်ယှဉ်လျှင် မည်သည့်အခါမျှ ပေမီဒေါက်မီ လူ့အဖွဲ့ အစည်း ဖြစ်လာနိုင်မည်လည်း မဟုတ်ပါ။

မောရှမ်းမြေဖွံ့ဖြိုးရေးအတွက် သမ/ကျေးလက်လုပ်ငန်းများ

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့ ကျိုင်းတုံနံနက်ခင်းရာသီဥတုက သာသာယာယာလေး ရှိနေပါသည်။ နံနက် ၇ နာရီခွဲမှာ ယာဉ်တန်း စတင် ထွက်ခွာသည်။ ဦးတည်ရာကတော့ ကျိုင်းတုံမှ မိုင်းဖြတ်၊ ထိုမှတစ်ဆင့် မိုင်းယောင်းသို့ ခရီးစဉ်ပဲ ဖြစ်၏။ ကျိုင်းတုံနှင့် မိုင်းဖြတ်အကြား မိုင် ၅၀ ခန့် ကွာဝေးသည်။ ကားလမ်းညာဘက်ခြမ်းမှာ နမ့်လုံချောင်းက ရေစီးသန်သန်နှင့်အပြိုင် လိုက်နေသည်။ မိုးတွင်းကာလမို့ ထုံးစံအတိုင်း ချောင်းရေက ခပ်နောက်နောက်ပင်။ တစ်ခုသတိထားမိသည်က ချောင်းတစ်ဖက်ကမ်းမှာ လှမ်းမြင်နေရသော တောင်စောင်းစပါး စိုက်ခင်းများ ဖြစ်ပါသည်။ ရှိသည့် မြေနေရာတွင် အဆင်ပြေသလို စိုက်ပျိုးထားသော စိမ်းစိမ်းစိုစို စပါးခင်းလေးများက တစ်မျိုးလှနေကြသည်။ ဤမြင်ကွင်းကို ရှမ်းပြည်နယ်မှာပဲ အများဆုံးတွေ့ရသည်ဟု ပြောလျှင် ကျွန်တော်လွန်မည်လား မပြောတတ်ပါ။
Subscribe to