နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား အောင်မြင်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ပေးနေကြသူများ ဖြစ်ကြပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်အတိုင်း နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား ထိုက်သင့်သည့် ချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။