သဘာဝဘေးလျော့ပါးရေး အလေးထား ကြိုတင်ပြင်ဆင်ကာကွယ်
မြန်မာနိုင်ငံ၌ ဝဿန်ကာလမိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သောကာလများ ဖြစ်သည်။
