၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက မဖုံးနိုင်မဖိနိုင် မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေဖောက်ဖျက်မှုများကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တ အာဏာထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အိမ်စောင့်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက မီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိနေမှုတွေကို “သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု သတင်းအမှားများ၏အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၃-၅-၂၀၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှာ ဆောင်းပါးရေးသား ဖော်ပြခဲ့ပါသည်။ ယခုအခါမှာ ထိုဆောင်းပါးကို ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း Internauka နဲ့ ai-news.ru ဆိုတဲ့ သတင်းစာမျက်နှာတွေမှာ ရုရှားဘာသာနဲ့ ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။