နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)တွင် “ထက်မြက်သော စီမံခန့်ခွဲမှုမှသည် ကောင်းမွန်သောအုပ်ချုပ်မှုဆီသို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် စွမ်းဆောင်ရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များကို သင်တန်းသားဗဟိုပြုစနစ်ဖြင့် ခေတ်မီသင်ခန်းစာများနှင့် ထိရောက်သည့် ပို့ချမှုစနစ်များဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ကြားလျက်ရှိသည်။