သတင်း စားသုံးကြသူများ
လူသားတိုင်း နေ့စဉ်သတင်းစားသုံးကြသည်။ သတင်းတစ်ပုဒ်သည် အကြောင်းအကျိုး၊ အကောင်းအဆိုးများစွာ ပါဝင်နေတတ်သည်။ သတင်းအာဟာရ အကျိုးကျေးဇူးရရှိမှုသည် စားသုံးသူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှု၊ စိတ်ခံစားမှုတို့ အပေါ်မူတည်၍ ရရှိခံစားကြရမည်သာဖြစ်သည်။
