Skip to main content

ဒေသလူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနေသည့် တောင်ကြီးခရိုင်မှ လမ်းကွန်ရက်များ

ပဲပုပ်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စသည့် တောင်ကြီးဒေသ ထွက်ကုန်များသည် ဖြူ၊ နီ၊ ပြာ၊ ဝါအရောင်စုံဖြင့် လတ်ဆတ်နေသည်။ တောင်ကြီးဈေးအတွင်း ဈေးဖွင့်ချိန် နံနက်ခင်းမှသည် ဈေးသိမ်းချိန် ညနေပိုင်းအထိ ရောင်းဝယ်လှုပ်ရှားမှုများဖြင့် စည်ကားနေသည်မှာ ဒေသလူမှုစီးပွား ဝေစည်ဖွံ့ဖြိုးမှုကို လှစ်ဟပြသနေသကဲ့သို့ပင်။

မိုးရာသီလျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်များ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့် မြင့်မားရေးတို့အတွက် လိုအပ်လျက်ရှိသော၊ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး”ဆိုသကဲ့သို့ စနစ်တကျ သတိတရားဖြင့် သုံးစွဲပါက အကျိုးရှိသော်လည်း သတိလက်လွတ်၊ မဆင်မခြင်၊ ပေါ့ပေါ့ဆဆ သုံးစွဲကြပါက ရာသီမရွေး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။

ကမ္ဘာ့ရာပြည့် သမဝါယမနေ့

မတူကွဲပြားခြင်းများရှိလင့်ကစား အများအကျိုး ထမ်းသယ်ပိုးဖို့ စိတ်ဆန္ဒတူသူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အများဆန္ဒနှင့်အညီ စီမံခန့်ခွဲလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်တွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပေသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ကို ယင်းအဖွဲ့တွင် ပါဝင်သူများ အချိုးကျ ခွဲဝေရရှိစေခြင်းဖြင့် ရာစုနှစ် နှစ်ခုနီးပါး သက်တမ်းရှည်လျားခဲ့သည့် အဖွဲ့အစည်းကို ရည်ညွှန်းရလျှင် သမဝါယမအဖွဲ့/ အသင်းကို ပြဆိုရမည် ဖြစ်ပေသည်။

မူးယစ်အန္တရာယ် ပြည့်ရန်စွယ် အတူတကွ တွန်းလှန်ကြ

ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံးရဲ့ ဘုံရန်သူများထဲမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုကို ကျောက်ခေတ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဘီစီ ၅၀၀၀ ကျော်လောက်ကတည်းက မြေထဲပင်လယ်ဒေသတစ်ဝိုက်မှာ စတင်တွေ့ရှိပြီး ဘီစီ ၃၄၀၀ ခန့်လောက်မှာတော့ ဘိန်းကို ဝယ်ယူစုဆောင်းခြင်းတွေ အစပြုခဲ့ကြပါတယ်။ အစကနဦးမှာတော့ လူတွေဟာ ဘိန်းကို ကျန်းမာရေးရည်ရွယ်ချက်အတွက် အသုံးချခဲ့ကြပေမယ့် ၁၁ ရာစုလောက်ကနေ စတင်လို့ ဖြေဖျော်ရေးသုံးပစ္စည်း (recreational use) တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စတင် အသုံးပြုလာကြပါတယ်။
Subscribe to