မကြာခင်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ဖွင့်ပါတော့မယ်။ တက္ကသိုလ်တန်းတွေကတော့ ဖွင့်နေပါပြီ။ ကျောင်းသားတွေ၊ မိဘတွေအတွက် ဝမ်းသာစရာပါပဲ။ ကျောင်းသားလေးတွေ ကျောင်းတက်နေကြတာကိုမြင်တိုင်း ကြည်နူးမိတာအမှန်ပါ။ ကျောင်းဖွင့်ရာသီဆို မိဘတွေရော၊ ကျောင်းသား ကျောင်းသူတွေရော ပြင်ဆင်ကြရတာ နှစ်စဉ်ပါပဲ။