Skip to main content

လူငယ်နှင့် နိုင်ငံရေးစာပေ

ဆယ်ကျော်သက်လူငယ်များ နိုင်ငံရေးစာပေကို လေ့လာလိုက်စားသင့်သလားဟုပြောလျှင် လေ့လာလိုက်စားသင့်ပါသည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် ဆိုင်ပေသည်။ တချို့ကပြောမည်။ “နိုင်ငံရေးက ကလေးတွေနဲ့အထူးသဖြင့် မင်းတို့ဆယ်ကျော်သက် အရွယ်တွေနဲ့မဆိုင်ပါဘူးကွာ၊ မင်းတို့ ဘာနားလည်တာမှတ်လို့၊ အသာနေစမ်းပါ” အစရှိသဖြင့် ကြားသိရပါများလျှင်လည်း လူငယ်တို့အနေဖြင့် နိုင်ငံရေးက ငါတို့နှင့်မဆိုင်ပါဘူးဟု အထင်ရောက် သွားဖွယ်ရှိသည်။ နောင်အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူ လုပ်ဆောင်ကြရမည့် လူငယ်များအနေဖြင့် ဖြစ်ပျက်နေသော၊ ဖြစ်ပျက်ခဲ့သော နိုင်ငံရေးတို့နှင့် ကင်းကွာသွားနိုင်သည်။ ထို့အတွက်ကြောင့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားနေဖို့ လိုအပ်သည်။

ပုဂံရှေးဟောင်းနယ်မြေသို့ သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားဘုရားဖူး ခုနှစ်သောင်းခန့်ဝင်ရောက်

ပုဂံရှေးဟောင်းနယ်မြေသို့ သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားဘုရားဖူး ခုနှစ်သောင်းခန့်ဝင်ရောက်

ကျုံပျော်မြို့နယ်၊ ဗဟိုမဏ္ဍပ်သင်္ကြန်အကျနေ့ညတွင် အတာသင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ ဟာသ၊ စတိတ်ရှိုးတေးဂီတတို့ဖြင့် ဖျော်ဖြေတင်ဆက်

ကျုံပျော်မြို့နယ်၊ ဗဟိုမဏ္ဍပ်သင်္ကြန်အကျနေ့ညတွင် အတာသင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ ဟာသ၊ စတိတ်ရှိုးတေးဂီတတို့ဖြင့် ဖျော်ဖြေတင်ဆက်

၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းစေဖို့ရာ

၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။

အရေးကြီးပြီး အလေးမပေးခဲ့သော... ကျေးလက်ကုန်ထုတ်လုပ်မှုအတွက် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း

နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ (Micro Enterprise-ME)၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း (Small and Medium Enterprise-SME) တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ SME ကဏ္ဍဟာ နိုင်ငံ GDP ရဲ့ (၃၀~ ၅၃) ရာခိုင်နှုန်း၊ အလုပ်အကိုင်အားဖြင့် (၅၀~၉၅) ရာခိုင်နှုန်းရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

သည်အချိန်မှာ ချွေတာခြင်းဖြင့် လျှပ်စစ်ဒါနပြုကြပါ

ဆောင်းပါးခေါင်းစဉ် ဖတ်မိလျှင် “လျှပ်စစ်မီးတွေ သည်လောက်ပျက်နေတာ၊ အလှည့်ကျမီးပေးနေတာ၊ ဘယ်လိုလုပ်ချွေတာရမှာလဲ” ဟုလည်းကောင်း၊ “ဒါနပြုတယ်ဆိုမှ(လှူမှ) ငွေကုန်မှာပေါ့၊ ဘယ်လိုချွေတာရာရောက်မှာလဲ”ဟု လည်းကောင်းစာဖတ်သူတို့အနေဖြင့် တွေးကောင်းတွေးမိပါလိမ့်မည်။

မိဿရာသီခါသင်္ကြန်နှင့် တော်ဝင်ပန်းကံ့ကော်

ရှေးစာဆိုများက ဆယ့်နှစ်လရာသီတွင် အရေးကြီးသည့်ပွဲတော် ၁၂ မျိုးကို “သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းထွက်ဝင်၊ သဘင်မီးဖုံး၊ ဂူလုံးသဲပုံ၊ စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲ၊ ဆယ့်နှစ်ပွဲ” ဟု စပ်ဆိုခဲ့သည်ကို မှတ်သားရဖူးပါသည်။

ပျော်သင်္ကြန်

ဖေဖေ ဦးကျင်ဝင်းကစစ်ကိုင်းတိုင်းဒေသကြီး ထဲမှမင်းကင်းမြို့သား။ မေမေ ဒေါ်တင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှ ကန်ရွာဇာတိ။ ဖေဖေနှင့်မေမေတို့ စစ်ကိုင်းတိုင်း ဒေသကြီးကလေးဝမြို့နယ် သစ်ချောက်ရွာမှာ ဘယ်လိုဆုံကြ၊ ညားကြသည်မသိ။

ကျန်းမာဖွံ့ဖြိုး အာဟာရတိုးဖို့ ပဲမျိုးစုံကိုတိုးစားစို့

အာ​ရောဂျံ....ကျန်းမာခြင်းသည်ပရမံ...မြတ်လှစွာ​သော... လာဘံ...လာဘ်ကြီးတစ်ပါး ဆိုသည့်ဆိုရိုး စကားအတိုင်း ကျန်းမာခြင်းသည် လူသားအားလုံးအတွက် လွန်စွာအ​ရေးကြီး​ပါသည်။ ကျန်းမာမှပျော်ရွှင်သော နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်ကာ ကျန်းမာရေးထိခိုက်သည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေးတို့ပါ ထိခိုက်လာမည်ဖြစ်ပါသည်။ ကျန်းမာရေးကောင်း စေရန် အတွက် အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ လေကောင်းလေ သန့်ရှူရှိုက်ခြင်း၊ အရိယာပုတ်မျှတစွာ နေထိုင်ခြင်း စသည်တို့အပြင် အာဟာရပြည့်ဝစေမည့် အစားအစာကို ရွေးချယ်စားသုံးခြင်းမှာလည်း အထူးလိုအပ်ပါသည်။
Subscribe to