တိုးချဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးသင့်သော ဝဥနှင့် နိုင်ငံတကာဈေးကွက်အလားအလာ
ဒေါက်တာထွေးမင်းသန့်
ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae ၊ မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus companulatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam(or)White Yam(or) Telingo ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးစိတ် ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ် သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရသည်။
