၁၃၈၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၁၃၈၄ ခုနှစ် မြန်မာနှစ်သစ်သို့ကူးပြောင်းခဲ့ချေပြီ။ မြန်မာလူမျိုးတို့သည် နှစ်သစ်၏အမွန်အစဖြစ်သော မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘုရားကျောင်းကန်၊ စေတီပုထိုး များတွင်ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းစသည့်ဒါန၊ သီလ၊ ဘာဝနာ တရားများအားထုတ်လေ့ရှိကြသည့်နည်းတူ သက်ကြီးဝါကြီးအဘိုးအဘွားတို့အား ဂါရဝပြုခြင်း၊ ခေါင်း လျှော်၊ ခြေသည်းလက်သည်းညှပ်ခြင်း စသည့်ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လေ့ရှိကြသည်။