Skip to main content

ကိုဗစ်-၁၉ အလွန် လူငယ်တို့၏အနာဂတ်အရေး

၂၀၀၉ ခုနှစ်သင်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော ကိုဗက်-၁၉ သည် နှစ်နှစ်ကျော်လာသည့် ယနေ့ထက်တိုင် ကူးစက်မှု ဆက်လက်ရှိနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ မှာ ဗီဇမျိုးကွဲများဖြင့် ဆက်လက်ရှင်သန်နေဆဲဖြစ်ရာ ကူးဆက်မှုထိန်းချုပ်ရေး၊ ကာကွယ်ရေးနှင့် ကုသရေးများ ဆောင်ရွက်နေရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ယင်းကြောင့် ဖြစ်ပွားလာသည့် အကျိုးတော်များသည် ကဏ္ဍအသီးသီးသို့ သက်ရောက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ကျဆင်းနေသည့် စီးပွားရေးများ ပြန်လည်ထူထောင်ရေး၊ ဝင်ငွေလျော့ကျလာမှု၊ ပညာသင်ကြားရာတွင် ကွဲပြားခြားနာမှု၊ ကာကွယ်ဆေး ရရှိနိုင်မှုတို့တွင် မညီမျှမှုကြောင့် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများပေါ် အချိုးမညီမျှမှုများ ဖြစ်ပေါ်လာကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ် ကိုဖစ်-၁၉ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

မျိုးမှန်မှ အဖိုးတန် အကျိုးမှန်ရမည်

ကမ္ဘာ့ရှေးဦးလူသားများကဲ့သို့ သလေးစပါးကိုသာ နေ့စဉ်နှင့်အမျှ ရှာဖွေစားသောက်ရမည် ဆိုပါက အဘယ်မှာ ဝမ်းဝကြမည်နည်း။ တိုးတက်ပြောင်းလဲ လာသော လူနေမှုစနစ်အရ တီထွင်ကြံဆ သုတေသန၊ နည်းပညာတို့ကို အသုံးချတတ်လာကြ၍ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို ရှာဖွေစိုက်ပျိုးလာကြသည်။ လယ်ယာမြေစနစ်ထွန်းကားလာမှုနှင့် အတူ မျိုးကောင်းမျိုးသန့် ရှာဖွေစိုက်ပျိုးရေးမှာလည်း တိုးတက်ပြောင်းလဲလာခဲ့သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး တိုးတက်ရေး အတွက် သိပ္ပံပညာရှင်များက အပတ်တကုတ် စူးစမ်းရှာဖွေခဲ့ကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အထွက်နှုန်းကောင်းပြီး အနံ့အရသာနှင့် ပြည့်စုံသော သီးနှံမျိုးကောင်းမျိုးသန့်များကို စဉ်ဆက်မပြတ် သုတေသနပြု ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့ခေတ်တွင် ကမ္ဘာ့လူဦးရေ တိုးတက်လာမှုကို ကာမိစေရန် စားရေရိက္ခာများ ကမ္ဘာ့နိုင်ငံအသီးသီးက တစ်နှစ်ထက် တစ်နှစ် ကြိုးပမ်းစိုက်ပျိုး ထုတ်လုပ်နေကြခြင်းဖြစ်သည်။

ရေအရည်အသွေးမြှင့်တင်ဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်စို့

ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်ရန် မလွယ်ကူသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း လူသားများအသုံးပြုနိုင်သော သန့်စင်သည့် ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့် အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈-၂၀၂၈ ခုနှစ်အထိကို ရေဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။

သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် အသိပညာပေး Talk Show ပြုလုပ်

သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် အသိပညာပေး Talk Show ပြုလုပ်
Subscribe to